Connect with us

Videos

ကမ္ဘာ့အင်တာနက် ညီလာခံ ကျင်းပ

ဝူးကျိန့်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် ဝူးကျိန့်( Wuzhen) မြို့၌ ၄ ကြိမ်မြောက် ကမ္ဘာ့အင်တာနက်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် Wuxi ရှိ တရုတ်နိုင်ငံ အမျိုးသား စူပါကွန်ပြူတာနည်းပညာ ဗဟိုဌာနမှ ညွှန်ကြားရေးမှူး Yang Guangwen ၊ တရုတ်နိုင်ငံ သိပ္ပံ နှင့် နည်းပညာတက္ကသိုလ် ( USTC) မှ ပါမောက္ခ Lu Chaoyang ၊ ဟွာဝေ( Huawei) ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Xu Zhijun ၊ Beidou ဂြိုလ်တုထောက်လှန်းရေးစနစ်မှ Ran Chengqi ၊ အလီဘာဘာ(Alibaba) ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Zhang Yong စသည့် ထိပ်တန်းပညာရှင်များက ကမ္ဘာ့အင်တာနက် သိပ္ပံ-နည်းပညာ စွမ်းဆောင်မှုများ နှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.