Connect with us

Videos

ပါကစ္စတန်ပြည်သူများလျှပ်စစ်စွမ်းအင်ကို ဈေးသက်သာစွာအသုံးပြုနိုင်တော့မည်ဖြစ်

ကာဆင်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ကာဆင်တွင် ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကို နိုဝင်ဘာလ၂၉ ရက်နေ့ က ဖွင့်လှစ်ခဲ့သည်။ ၎င်းမှာ တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ(CPEC) ၏ အဓိက ကျသော စွမ်းအင်ထုတ်ယူသုံးစွဲနိုင်မှုဆိုင်ရာဒုတိယမြောက်စီမံကိန်းလည်းဖြစ်သည်။ ထိုစက်ရုံမှ တစ်ဆင့် ပါကစ္စတန် ပြည်သူများအား လျှပ်စစ်စွမ်းအင်ကို ဈေးသက်သာစွာဖြန့်ဖြူးနိုင်တော့မည်ဖြစ်သည်။ ၎င်းမှာ တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံချစ်ကြည်မှုမှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှဟစ်ခါကန်အဘာဆီ (Shahid Khaqan Abbasi) ကဆိုသည်။ အဆိုပါ ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ လျှပ်စစ် ဓါတ်အား ၆၆ဝ မဂ္ဂါဝပ်ကို ထုတ်ပေးနိုင်မည်ဖြစ်ပြီး ၎င်းမှာ ပါကစ္စတန်နိုင်ငံ၏ လျှပ်စစ်ဓါတ်အားလုံလောက်မှုကို ကောင်းစွာအထောက်အကူ ပြုနိုင်တော့မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.