Connect with us

Videos

မောင်းသူမဲ့ ယာဉ်ပျံငယ်များကိုအသုံးပြု၍ ဆေးဝါးများဖြန့်ဖြူး

ရဝမ်ဒါ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဆေးဝါး စက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Zipline Inc သည် ရဝမ်ဒါ အစိုးရနှင့် ပူးပေါင်းကာ နိုင်ငံအတွင်း သွားလာရေး ခက်ခဲသည့်ဒေသများတွင် မောင်းသူမဲ့ ယာဉ်ပျံငယ်များကိုအသုံးပြု၍ ဆေးဝါးများကို ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။

ဝေးလံဒေသရှိ ဆရာဝန်များ အနေဖြင့်လည်း မောင်းသူမဲ့ ယာဉ်ပျံငယ်များဖြင့်သယ်ယူပို့ဆောင်ပေးသည့် Zipline distribution center သို့ ဆက်သွယ်ကာ လိုအပ်သည့် ဆေးဝါးများနှင့် သွေးအမျိုးအစားများကို ဆက်သွယ်တောင်းခံနိုင်ပြီး မိနစ်ပိုင်း အတွင်း မောင်းသူမဲ့ယာဉ်ပျံငယ်များ ဖြင့် ပို့ဆောင်ပေးမည် ဖြစ်သည်။

ဘက်ထရီစွမ်းအင်သုံး မောင်းသူမဲ့ယာဉ်ပျံငယ်များကို Zip ဟု အမည်ပေးထားပြီး ၎င်းတို့မှာ ၁.၅ ကီလိုဂရမ်အလေးချိန်ကို သယ်ဆောင်ပေးနိုင်သည့်အပြင် ၁၂ဝ ကီလိုမီတာကျော်ပျံသန်းနိုင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.