Connect with us

Videos

မြန်မာဆရာတော်ကြီးများ တရုတ်နိုင်ငံသို့ သွားရောက်လေ့လာ

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု ၊ ချစ်ကြည်ရေး တိုးပွားစေရန် နှင့် နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ဆိုင်ရာ ဖလှယ်မှု ပိုမို နက်ရှိုင်းစေရန် အတွက် ရန်ကုန်မြို့ပရိယတ္တိ တက္ကသိုလ် မှ ဆရာတော်များ ၊ မန္တလေးမြို့ ပရိယတ္တိ တက္ကသိုလ် မှ ဆရာတော်များ ၊ မန္တလေးမြို့တွင် ပညာရေး နှင့် ပရဟိတ လုပ်ငန်းများဆောင်ရွက်နေသည့် ဆရာတော်များ စုစုပေါင်း ဆရာတော် ၁၃ ပါး နှင့်တကွ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သတင်းမီဒီယာ နှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိသူ စုစုပေါင်း ၁၈ ဦးအဖွဲ့သည် ပေကျင်း ဗုဒ္ဓဘာသာ အသင်း ၏ ဖိတ်ခေါ်ချက်အရ နိုဝင်ဘာ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာ မည် ဖြစ်သည်။

ချစ်ကြည်ရေး အဖွဲ့သည် နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၃ ရက်အထိ သွားရောက်မည့် ခရီးစဉ် အတွင်း တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ ဆိုင်ရာ အသင်းအဖွဲ့များ နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး တရုတ် နိုင်ငံ ရှိ ယုံဟော်ကုန် ၊ လင်ကွမ်းကျောင်း (စွယ်တော်ကျောင်း) ၊ ထန်ကျယ် ကျောင်းတိုက် ၊ ကျဲ့ထိုင်ကျောင်းတိုက် ၊ ယွင်ကျွီးကျောင်းတိုက် ၊ ထရန်နင်းကျောင်းတိုက် ၊ ယန်လျှို့ကျောင်းတိုက် ၊ ကွမ်ဟွာကျောင်းတိုက် စသည့် နာမည်ကျော်ကျောင်းတိုက် များ နှင့် တရုတ် နိုင်ငံ အထင်ကရ တည်နေရာများကိုလည်း သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

ပေကျင်း ဗုဒ္ဓဘာသာ အသင်း မှ မြန်မာ နိုင်ငံ ရှိ ဆရာတော် ဒေါက်တာ ဘဒ္ဒ န္တအရှင်ဆေကိန္ဒ ဦးဆောင်သည့် အဖွဲ့အား တရုတ် နိုင်ငံ သို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ် သည့် ခရီးစဉ် နှင့် ပတ်သက်၍ အသိပေး ရှင်းလင်းပွဲ တစ်ရပ်အား နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ် ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.