Videos
မြန်မာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် တို့တွေ့ဆုံ
နေပြည်တော်၊ မေ ၁၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အလည်အပတ် ရောက်ရှိလာသည့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ မှ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် (Mr.Chen Fengxiang) ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သ့ူ လွှတ်တော် ဥက္ကဌ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေး ပါတီ ဥက္ကဌ ဦးရွှေမန်း ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နှင့် ယခုလ တတိယပတ် အတွင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုတွင် မစ္စတာ ချိန်ဖုန့်ရှမ် မှ တရုတ် နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် နှစ်နိုင်ငံရှိ ပါတီ အချင်းချင်း ဆက်ဆံရေးကို ဆက်လက်၍ တိုးမြှင့် သွား ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေးကို ပိုမို ပြည့်စုံ စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။