Videos
မြေအောက်တွင် ပိတ်မိနေသည့် ရွှေတွင်းလုပ်သားတစ်ဦးကို ၂ ပတ်အကြာတွင် ကယ်ဆယ်နိုင်ခဲ့
ကျိနန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ရွှေတွင်းတစ်ခု၌ ပိတ်မိနေကြသည့် လုပ်သားများထဲမှ တစ်ဦးအား ကယ်ဆယ်ရေးသမားများက ယနေ့တွင် အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
ယခုကယ်ဆယ်လိုက်သည့် လုပ်သားသည် ဇန်နဝါရီ ၁၀ ရက်က မိုင်းတွင်းပြိုကျရာမှမြေအောက် အနက် ၆၀၀ မီတာတွင် ပိတ်မိနေသည့် လုပ်သား ၂၂ ဦးအနက် တစ်ဦးဖြစ်ပြီး ၎င်းသည် အလွန်အားနည်းနေကြောင်းသိရသည်။ ကယ်ဆယ်ရေးသမားများသည် တနင်္ဂနွေနေ့မတိုင်ခင်က ပိတ်မိနေသော မိုင်းလုပ်သား ၁၀ ဦးနှင့်အဆက်အသွယ်ရရှိခဲ့ပြီး ၎င်းတို့မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရသည်။ ကျန်သူများမှာ သေဆုံးသွားကြဖွယ်ရှိကြောင်း ယူဆထားသည်။ (Xinhua)