Connect with us

Videos

မြန်မာနိုင်ငံ၌ သဘောထားကွဲလွဲမှုများကို အခြေခံဥပဒေ နှင့် ဥပဒေမူဘောင်အတွင်း ကောင်းစွာဖြေရှင်းကြရန်တရုတ်မျှော်လင့်

ပေကျင်း၊ ဖေ‌ဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်အခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး နှင့် လူမှုအသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ကာ သက်ဆိုင်ရာ အသီးသီးအနေဖြင့် သဘောထားကွဲလွဲမှုများကို အခြေခံဥပဒေ နှင့် ဥပဒေမူဘောင်အတွင်း အဆင်ပြေကောင်းမွန်စွာဖြေရှင်းကြစေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ဆို သည်။

ဝမ်းဝန်ပင်းက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိစ္စရပ်နှင့် ပတ်သက်၍ သတိပြုမိကြောင်း ၊ ပိုမိုသိရှိနားလည်နိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး နှင့် လူမှုအသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ကာ သက်ဆိုင်ရာ အသီးသီးအနေဖြင့်သဘောထားကွဲလွဲမှုများကို အခြေခံဥပဒေ နှင့် ဥပဒေမူဘောင်အတွင်းအဆင်ပြေကောင်းမွန်စွာဖြေရှင်းကြစေလိုကြောင်း ၊ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်သော တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲအတွင်း လတ်တလောဖြစ်ပွားနေသော မြန်မာနိုင်ငံအခြေအနေအပေါ် သတင်းထောက် တစ်ဦး၏ မေမြန်းချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.