Videos
မြောက်ကိုရီးယားက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ခဲ့သည့် အမေရိကန် ကျောင်းသား အား ပြန်လွှတ်ရန် အမေရိကန် တိုက်တွန်း
ဝါရှင်တန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ (DPRK) က နိုင်ငံရေး အကြောင်းပြချက်များဖြင့် ဖမ်းဆီးထားသည့် အမေရိကန် ကျောင်းသား တစ်ဦးအား ချက်ချင်း ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံ က မတ်လ ၁၆ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။
ဗာဂျီးနီးယားတက္ကသိုလ် မှ အသက် ၂၁ နှစ်အရွယ် Otto Warmbier အား DPRK ၏ နိုင်ငံတော်တရားရုံးချုပ်က မတ်လ ၁၆ရက်နေ့ အစောပိုင်းတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
Warmbierသည် ဇန်နဝါရီလ က ပြုံယမ်းသို့ လာရောက်စဉ် ၎င်းနေထိုင်သည့် ဟိုတယ်၏ နံရံပေါ်တွင် နိုင်ငံရေး ကြွေးကြော်သံများ ချိတ်ဆွဲခဲ့ကြောင်း ရုံးတော်၌ ဝန်ခံခဲ့ကြောင်း သိရသည်။
အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ Josh Earnest နှင့် Mark Tonerတို့မှ ယင်း အပြစ်ဒဏ်သည် ညှာတာမှု ကင်းမဲ့ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ (DPRK) ကို Otto Warmbier အား အပြစ်မှ ပယ်ဖျက်ကာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး ချက်ချင်းလွှတ်ပေးရန် ပြင်းပြင်းထန်ထန် တိုက်တွန်း ထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ခရီးသွားများ အတွက် မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ခြင်းသည် တရားဝင်သော်လည်း အမေရိကန်အစိုးရ က ထိုသို့သွားရောက်ခြင်းကို ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း သိရသည်။ (Xinhua)