Connect with us

Videos

အပြည်ပြည်ဆိုင်ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ပြည်တွင်း/ပြည်ပ ဒေသနိုင်ငံများမှ ပြခန်းပေါင်း ၆၀ ကျော် ပါဝင်ပြသမည်

ရန်ကုန် ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ မြန်မာ့ကျောက်မျက် ရတနာ ပြပွဲ ၂၀၁၆ အား မြန်မာနိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၁၀ ခုမှ ပြခန်းပေါင်း ၆၀ ကျော် ပါဝင်၍ ဧပြီလ ၁ ရက်မှ ၄ ရက် အထိ မြန်မာ့ ကျောက်မျက် ရတနာပြခန်း၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲစီစဉ်ကျင်းပမည့် ASIA CONNECT ၏ ညွှန်ကြားရေးမှူး Michael- Khaniss Jand က မတ်လ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ယခုပြိုင်ပွဲသို့မြန်မာ ၊ အမေရိကန် ၊ အီတလီ ၊ ဂျာမဏီ ၊ ထိုင်း ၊ ဗီယက်နမ် ၊ အိန္ဒိယ ၊ သြစတြေးလျ ၊ ဘယ်လ်ဂျီယံ နိုင်ငံများနှင့် ဟောင်ကောင် ဒေသမှ ကုမ္ပဏီများ ယခုပြပွဲသို့ဝင်ရောက် ပြသမည် ဖြစ်ကြောင်း ၊ ပြပွဲတွင် ပြသမည့် ပြည်တွင်းရှိ ကုမ္ပဏီ အများစုမှာ မန္တလေးမြို့မှ လုပ်ငန်းရှင် ကုမ္ပဏီများမှ ဖြစ်ပြီး ပတ္တမြား ၊ ကျောက်စိမ်း လက်ဝတ် ရတနာများ ပြသမည် ဖြစ်ကာ ပြည်ပ ကုမ္ပဏီ အများစုက စိန်လက်ဝတ် ရတနာများအား ပြသမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြပွဲတွင် ပါဝင် ပြသမည့် ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များအား လွတ်လပ်စွာ ရောင်းချခွင့် နှင့် စီးပွားရေး မိတ်ဖက်များ ရှာဖွေနိုင်မည် ဖြစ်ကြောင်း၊ ယခု ပြပွဲသည် ငါးကြိမ်မြောက် ပြသသည့် ပွဲ ဖြစ်ပြီး လာမည့် ပြပွဲကို မန္တလေးမြို့၌ ဒီဇင်ဘာလ ၉ ရက်တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.