Videos
မှန်တံတားပေါ်မှ ချောက်နက်ကြီးထဲသို့ ခုန်ချယှဉ်ပြိုင်ရသည့် ဘန်ဂီအားကစားနည်း
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စုဝင့်
တရုတ်နိုင်ငံအလယ်ပိုင်းရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ ကျန်းကျားကျဲဒေသ၌ အားကစားပြိုင်ပွဲတစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။ယင်းပြိုင်ပွဲသို့ ပြည်တွင်း ပြည်ပမှ အားကစားသမား များစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဘန်ဂီ အမြင့်ခုန်ပြိုင်ပွဲ၊ တောင်တက်ပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများပါဝင်ခဲ့သည်။
ထူးခြားသည့်ပြိုင်ပွဲတစ်ရပ်မှာ မှန်တံတားပေါ်မှနေ၍ ချောက်ထဲသို့ ခုန်ချရသည့် ဘန်ဂီအားကစားနည်း ဖြစ်သည်။ ဖိလစ်ပိုင်၊ နီပေါ၊ ကနေဒါ နှင့် တရုတ်နိုင်ငံများမှ အားကစားသမားများသည် အမြင့်၂၆၀ မီတာရှိသည့် ကျန်းကျားကျဲ့ ဒေသ၏ ချောက်နက်ကြီးသို့ မှန်တံတားပေါ်မှ ခုန်ချရခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုသို့ခုန်ချရာတွင် လေထဲ၌ စတန့်အချို့ကိုပါပြုလုပ်၍ ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)