Connect with us

Videos

YINGOS မှ “One Village One TV” စီမံကိန်း အတွက် ပစ္စည်းများ လှူဒါန်း

တောင်ကြီး ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း (YINGOS) က ရှမ်းပြည်နယ် “One Village One TV” စီမံကိန်း အတွက် ကျေးရွာပေါင်း ၁၂၀ တွင် အမေရိကန် ဒေါ်လာ ၁၁ဝ,၃ဝဝ တန်ဖိုး ရှိ TV ၊ SKY NET DTH စက် (ကြည့်ရှုခ သုံးနှစ်စာအပါအဝင်) နှင့် Solar System(Inverter + Battery ) အစုံလိုက် စုစုပေါင်း အစုံ ၁၂၀ ကို အောက်တိုဘာလ၂၀ ရက် နေ့က လှူဒါန်း ခဲ့ သည်။ YINGOS ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လီရုန်ခန်း က တရုတ်နိုင်ငံ အစိုးရ အနေဖြင့်လည်း တရုတ်နိုင်ငံရှိ အရည်အချင်း ပြည့်ဝသော NGO အဖွဲ့များကို မြန်မာနိုင်ငံတွင် ပရဟိတ လုပ်ငန်းများ သွားရောက်ဆောင်ရွက် ရန် အစဉ် တိုက်တွန်းခဲ့ကြောင်း ၊ ဆက်လက်၍ ဒေသတွင်းရှိ ပြည်သူလူထုတို့၏ လူမှုဘဝ ပိုမို မြှင့်တင်နိုင်ရန် အတွက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ ကျေးဇူးတင်စကား ပြောကြား ရာတွင် လူမှုဘဝတွင် စားဝတ်နေရေး အပြင် ဖျော်ဖြေတင်ဆက်မှုနှင့် သတင်း အချက်အလက် ရယူမှုသည်လည်း လွန်စွာ အရေးပါကြောင်း နှင့် ယခုလှူဒါန်းမှုသည် နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ဆက်ဆံရေးကို ပိုမို ခိုင်မာ စေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.