Connect with us

Videos

ရခိုင်ပြည်နယ်အရေး အပြုသဘောဖြေရှင်းရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံးကို ကြိုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အရေး အပြုသဘောဖြေရှင်းရန်အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံးကို ကြိုဆိုကြောင်း ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပြောကြားသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အခြေပြမိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ကို အစိုးရအနေဖြင့် ပုံမှန်အတိုင်းဖြစ်အောင် လုပ်ဆောင်နေပြီး ဒေါက်တာ ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာသည် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဟဇာတဖြစ်စေရန် အကျိုးကျေးဇူးများရှိနေခြင်းကြောင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သက်တမ်းနုနေသေးသည့် အစိုးရတစ်ရပ်အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် စိန်ခေါ်မှုများ အများအပြားရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယင်းစိန်ခေါ်မှုများထဲက အများစုသည် ဖြေရှင်းရန် လွယ်ကူပြီး ပုံမှန်ရင်ဆိုင်တွေ့နေကြ စိန်ခေါ်မှုများဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုများရရှိရန် လုပ်ဆောင်သည့်နေရာ၌ နိုင်ငံတကာ၏ စေ့စေ့စပ်စပ် စစ်ဆးမှုများကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ရွှေ့ပြောင်းသွားလာနေသည့် မူဆလင်များအရေး လေ့လာလိုသည့် နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းများ အားလုံးကို အစိုးရအဖွဲ့နှင့် ချိတ်ဆက်လုပ်ဆောင်ရန် ဖိတ်ကြားပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.