Connect with us

Videos

ရခိုင်ပြည်နယ်အကြောင်း ဟောပြောပွဲသို့ သံရုံး / အဖွဲ့ရုံး ၁၁၃ ရုံးမှ သံတမန်များ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

နေပြည်တော် MICC II တွင် ယနေ့နံနက် ပြုလုပ်သည့် “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံတော် အစိုးရ၏ ကြိုးပမ်းမှုအကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားမှု” (Speech by the State Counsellor on Government’s efforts with regard to National Reconciliation and Peace) အခမ်းအနားသို့ ပြည်ပ အခြေစိုက် သံရုံး ၄၈ ရုံး နှင့် ပြည်တွင်းအခြေစိုက် သံရုံး/အဖွဲ့ရုံး ၆၅ ရုံး၊ စုစုပေါင်း ၁၁၃ ရုံးတို့မှ သံရုံး အကြီးအကဲများ၊ ယာယီ တာဝန်ခံများ၊ အဖွဲ့ရုံး အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

၎င်းတို့အနက် ပြည်တွင်း ပြည်ပ အခြေစိုက် သံရုံး အကြီးအကဲ ၃၅ ဦး၊ သံရုံး ယာယီ တာဝန်ခံ ခြောက်ဦး၊ ပြည်တွင်း ပြည်ပ အဖွဲ့ရုံး အကြီးအကဲ ၁၂ ဦးနှင့် အခြားအဆင့် ၄၁ ဦး၊ အမေရိကန်နိုင်ငံ၏ အရှေ့တောင် အာရှဆိုင်ရာ ဒုတိယ လက်ထောက် အတွင်းရေးမှူး (Deputy/ Assistant Secretary for Southeast Asia from US) တို့ပါဝင်ကြောင်း၊ ပြည်တွင်း မီဒီယာများမှ ၁၁၆ ဦး၊ ပြည်ပ မီဒီယာများမှ ၉၁ ဦးတို့ တက်ရောက်ခဲ့ကြောင်း MICC II ၏ ယနေ့ အခမ်းအနားသို့ တက်ရောက်သူများ မှတ်ပုံတင်စာရင်းအရ သိရသည်။

နံနက် ၁၀ း ၀၀ နာရီမှ ၁၁ း ၀၀ နာရီခန့်အထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားကာ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည့် အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ကုလသမဂ္ဂ အပါအဝင် ပြည်တွင်း ပြည်ပ NGOs ၊ INGOs များမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် နယ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ၇၀၀ ဦးကျော်ခန့် တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.