Connect with us

Videos

ရခိုင်ပြည်နယ် တိုးတက်ရေး ကြားဖြတ် အစီရင်ခံစာ တင်သွင်း ရခိုင်ပြည်နယ် တိုးတက်ရေး လတ်တလော အကောင်အထည် ဖော်နိုင်မည့် အဆင့်များ အကြံပြုသည့် ကြားဖြတ် အစီရင်ခံစာ တင်သွင်း

ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ အခြေအနေ တိုးတက်လာစေရန် လတ်တလော အကောင်အထည်ဖော်နိုင်မည့် အဆင့်များ ပါဝင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာအား တင်သွင်းလိုက်ကြောင်း မတ် ၁၆ ရက်တွင် ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အခြေအနေများ နှင့် ပတ်သက်၍ အစိုးရနှင့်ရခိုင် ပြည်နယ် အရေးတွင် ပါဝင် ပတ်သက်လုပ်ဆောင် နေကြသည့် အဖွဲ့အစည်းများ အနေဖြင့် ဆောလျင်စွာ အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်နိုင် စေရန် နှင့် ပိုမို ငြိမ်းချမ်း၍ အေးချမ်း သာယာသော အနာဂတ် တစ်ခုကို ကြိုးပမ်း တည်ဆောက် နေစဉ် ကာလ အတွင်း အကြမ်းဖက်မှုများ ထပ်မံ မပေါ်ပေါက် လာစေရေး အတွက် ကြိုတင် ကာကွယ် တားဆီး နိုင်စေရန် ကြားဖြတ် အစီရင်ခံစာအား တင်ပြရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ကြားဖြတ် အစီရင်ခံစာတွင် လတ်တလော အရေးတကြီး ဆောလျင်စွာ ဆောင်ရွက်သွားရန် လိုအပ်လျက် ရှိသော ကိစ္စ များကို တင်ပြထားကြောင်း ၊ ကြားဖြတ် အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုသည် အပြီးသတ်အစီရင်ခံစာတွင်မည်သည့် အကြောင်းအရာ ၊ အချက်အလက်များ ပါဝင်မည်ကို ညွန်ပြမည်ဟု ထည့်သွင်း ဖော်ပြထားသည်။နိုင်ငံတော်အစိုးရအနေဖြင့်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာ ကိုကြိုဆို ကြောင်း ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အပေါ် ကောင်းမွန်သော အကျိုး သက်ရောက်မှုများစွာ ရရှိစေမည်ဟု ယုံကြည်ကြောင်း ၊ ကော်မရှင်၏ အကြံပြုတင်ပြချက်အများအပြားကို အချိန်မဆိုင်းဘဲ ထိထိရောက်ရောက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ကြားဖြတ် အစီရင်ခံစာ နှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.