Connect with us

Videos

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှ ရှားပါး နှင်းတောင်ဆိတ်များ

အက်ခ်ဆိုင်ကာဇက်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်စု ပြည်နယ် (Gangsu Province)၊ အက်ခ်ဆိုင်ကာဇက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ (Akesai Kazak Autonomous County) ရှိ မြင့်မားသော နှင်းတောင်တန်းကြီးများ၏ ထိပ်ဖျားတစ်နေရာတွင် ရှားပါးပြီး တွေ့မြင်ရခဲယဉ်းလှသော နှင်းတောင်ဆိတ် အုပ်တစ်အုပ်၏ ပုံရိပ်ကို ဖမ်းယူရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။အရွယ်ရောက်ပြီး တောင်ဆိတ် ၆ ကောင် နှင့် သားပေါက် ၃ ကောင်ပါဝင်သော နှင်းတောင်ဆိတ်အုပ်စုသည် တောင်တန်းကြီးထက်တွင် နှင်းကျပြီးခါစအချိန်တွင် ထွက်လာကြကာ အစာရှာဖွေနေကြခြင်း ဖြစ်သည်။ဟိမဝန္တာ သိုးပြာ (Himalayan Blue Sheep) ဟုလည်း အမည်တွင်သော ယင်းတောင်ဆိတ် အမျိုးအစားကို ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၁၀၀ မှ ၆၀၀၀ အမြင့်တွင်သာ တွေ့ရလေ့ရှိသည်။ ယင်းတို့၏ နှင်းကဲ့သို့ ဖြူဖွေးသော သားမွှေးက နှင်းတောင်ကျားသစ်ကဲ့သို့ သားရဲတိရစ္ဆာန်များ၏ရန်မှ ကာကွယ်ပေးသည်။ရှားပါးလှသော နှင်းတောင်ဆိတ်များ မျိုးတုန်းပျောက်ကွယ်မသွားစေရန် တရုတ်နိုင်ငံ အစိုးရက ကာကွယ်ထိန်းသိမ်းမှုများ ဆောင်ရွက်နေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.