Videos
ရုရှားလူသန်ကြီးမှ ကမ္ဘာ့စံချိန်သစ်တင်
ဗလာဒီဗော့စကော့ ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ရုရှားလူသန်ကြီး အိုင်ဗန် ဆက်ဖ်ကင်က ရုရားနိုင်ငံ အရှေ့ပိုင်းရှိ မြို့တော် ဗလာဒီဗော့စကော့ တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်တပ်သုံး တန် (၃ဝ) တင် ထရပ်ကားကို ဆွဲပြခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့သည်။
ဝက်ဝံကြီး ဟုလည်း လူသိများသည့် အိုင်ဗင် သည် အလေးမချန်ပီယံ တစ်ယောက်လည်းဖြစ်သည်။ ယခုအကြိမ်မှာ မြို့တော် ဗဟိုရင်ပြင်တွင် လေးကြိမ်မြောက် ပြသသည့် စတန့်လည်းဖြစ်သည်။ သူက ခြေထောက်တွင် ဒါဏ်ရာ ရခဲ့သည့် တိုင် စံချိန်သစ်တင်နိုင်သည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်း ဆင်ဟွာကိုပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့တိုင်း ရုရှားနိုင်ငံတွင် တိုင်းပြည်အတွက် ခုခံကာကွယ်ကြသူများနေ့ (သို့မဟုတ်) အမျိုးသားနေ့အဖြစ်သတ်မှတ်ကြသည်။ နှစ်စဉ် ထိုနေ့တွင် ဆက်ဖ်ကင်က ၁၈ တန် အလေးချိန်ရှိသည့် စစ်တပ်သုံးကားအား ဆွဲပြကာ ၎င်း ၏ သန်စွမ်းမှုကို ပြသလေ့ရှိကြောင်းသိရသည်။ (Xinhua)