Connect with us

Videos

ဘရာဇီးနိုင်ငံသမ္မတ တရုတ်နိုင်ငံသုံးလူမှုကွန်ရက်တွင် အကောင့်ဖွင့်

ရီယို၊ ဖေဖော်ဝါရီ ၂၇ (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတ Dilma Rousseff (ဒေးလ်မာ ရို့စက်) သည် တရုတ်နိုင်ငံတွင် အသုံးပြုသော လူမှုကွန်ရက် တစ်ခုဖြစ်သော Weibo တွင် အကောင့်တစ်ခုဖွင့်လှစ်ခဲ့သည်။ ဘရာဇီးနိုင်ငံတွင် မကြာမီကျင်းပတော့မည့် အိုလံပစ်ပွဲတော်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲများနှင့် ပတ်သက်၍ လူထုထံ ပိုမို ရောက်ရှိစေရန်ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ယခုအခါ၌ weibo လူမှုမီဒီယာ သုံးစွဲသူ စုစုပေါင်း သန်း၆ဝဝ ကျော် (6 hundred million) ရှိနေပြီဖြစ်သည်။ weibo တွင် ဘရာဇီးသမ္မတ သည် ပထမဆုံး အနေဖြင့် ၁ မိနစ် ရှိသည့် Video clip တစ်ခု ကို တင်ခဲ့ပြီး weibo လူမှုကွန်ရက်အသုံးပြုသည့် တရုတ်နိုင်ငံသားများ နှင့် သူ့၏ followers များအားလုံးကို ဘရာဇီးတွင်ကျင်းပမည့် အိုလံပစ်ပွဲတော်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲများသို့ လာရောက် လည်ပတ်ကြပါရန် ဖိတ်ခေါ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.