Videos
ရွေးကောက်ပွဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုံခြုံရေး အခြေအနေကောင်းဟု ကော်မရှင် ဥက္ကဌဆို
နေပြည်တော်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် မြို့နယ်အချို့၌ မကျင်းပနိုင်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုံခြုံရေး အခြေအနေ ကောင်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ ဆင်ဟွာသတင်းဌာနနှင့် သီးသန့် တွေ့ဆုံ မေးမြန်းစဉ် ပြောကြားသည်။
လုံခြုံရေး အခြေအနေကြောင့် မြို့နယ် ၇ မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပ နိုင်သော်လည်း တစ်နိုင်ငံလုံး အနေဖြင့်မူလုံခြုံရေး အခြေအနေ ကောင်းကြောင်း ၎င်းက ဆိုသည်။
လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲသည် ထူးခြားချက် များစွာရှိကြောင်း ပါတီ အရေအတွက် များလာခြင်း၊ လူထု က ရွေးကောက်ပွဲကို စိတ်ဝင်စားလာခြင်း၊ နိုင်ငံတကာ လေ့လာသူများစွာ လေ့လာခွင့် ပေးထားခြင်းစသည့် ထူးခြားချက်များရှိကြောင်း ၎င်းကဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် တွင် ကိုယ်စားလှယ်လောင်း ၁,၇၃၄ ဦး၊ အမျိုးသားလွှတ်တော်တွင် ၈,၈၆ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တွင် ၃,၄၂၀ ဦး စုစုပေါင်း ၆,၀၄၀ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ လက်ရှိတွင် မဲရုံပေါင်း ၄၆,၄၈၉ ရှိပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် နေရာများအတွက် မဲရုံနေရာများ ထပ်မံ တိုးပေးလျက်ရှိသည်။
နိုင်ငံတကာမှ လေ့လာသူ တစ်ထောင်နီးပါး နှင့် ပြည်တွင်း လေ့လာသူ တစ်သောင်းကျော်ကို ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး ၌ လေ့လာနိုင်ရန် ခွင့်ပြုထားသည်။ (Xinhua)