Connect with us

Videos

အကူကိရိယာဖြင့် သွားလာနေရသော မသန်စွမ်းကြောင်ကလေး

ချုံရှင်း၊ အောက်တိုဘာလ (၂၉) ရက်၊ ဆင်ဟွာ

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံရှင်း မြူနီစပယ်ဒေသတွင် အမျိုးသမီးတစ်ဦးသည် မသန်စွမ်း ကြောင်ကလေး တစ်ကောင်အား အကူကိရိယာဖြင့် လမ်းပြန်လျှောက်နိုင်ရန် ဆေးကုသပေး စောင့်ရှောက်ထားကြောင်းသိရသည်။ ကောင်လိုင်းဟု အမည်ရတဲ့ ကြောင်မလေးသည် လွန်ခဲ့သည့် (၂) နှစ်ခွဲ က မတော်တဆမှုတစ်ခုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသည်ဟုသိရသည်။ ၎င်းကြောင်လေးကို အသက် ၃၁ နှစ်အရွယ်ရှိ ရှောင်ကျုံ ဆိုသူ အမျိုးသမီးက ပြီးခဲ့သည့် မေလတွင် တိရိစ္ဆာန်ကု ဆေးရုံ မှ အိမ် သို့ ခေါ်ယူ မွေးမြူခဲ့သည်။ ရှောင်ကျုံမှ ကြောင်မလေး ကောင်လိုင်းအား ဝီးချဲလ် တစ်ခု ကို လည်း ဝယ်ယူပေးခဲ့ ပြီး နှိပ်နယ်ပေးခြင်းများ အပါအဝင် ကုထုံးများစုံလင်စွာနှင့် ကုသစောင့်ရှောက်ပေး သောကြောင့် တဖြေးဖြေး သက်သာလာပြီ ဖြစ်သည်။

ကောင်လိုင်း လေးဟာ တခြားကြောင်များကဲ့သို့ မကြာမီ လမ်းပြန်လျှောက်နိုင်တော့မှာ ဖြစ်ပေမယ့် ကြာရှည်စွာ မသန်စွမ်းအဖြစ်နေလာခဲ့ သောကြောင့် ပုံမှန် လမ်းပြန်လျှောက် ရန်အချိန်ယူရမည် ဖြစ်သည်။

ကြောင်လေးအားစတွေ့စဉ်အချိန်က ၎င်းမှာအရမ်း အားငယ်ကြောက်ရွံ့နေခဲ့ကြောင်း၊ ယခုမူ လူများနှင့် ကျွမ်းဝင်မှုရှိလာပြီဖြစ်ကြောင်း ရှောင်ကျိုကပြောသည်။ ရှောင်ကျိုမှာ မကြာသေးမီက အလုပ် ရခဲ့သော်လည်း ကြောင်ကလေး ကောင်လိုင်းအားစောင့်ရှောက်မည့်သူမရှိမည်ကို စိုးရိမ်သောကြောင့် အိမ်၌ပင်နေရကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.