Connect with us

Videos

ရှေးအကျဆုံးနှစ်ပေါင်း ၂၄ဝဝ သက်တမ်းရှိ အုတ်ဂူအပါအဝင် အုတ်ဂူပေါင်း ၁,ဝ၉၂ ခု တူးဖော်တွေ့ရှိ

ပေကျင်း၊ နိုဝင်ဘာ ၂၆ရက် (ဆင်ဟွာ)

ရှေးဟောင်းသုတေသနပညာရှင်များသည်zတရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ ကတည်းက ရှေးဟောင်းအုတ်ဂူပေါင်း ၁,ဝ၉၂ ခု ကို တူးဖော်တွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ရှာဖွေတွေ့ရှိမှုကို ပေကျင်းမြို့အရှေ့ပိုင်း တုန်ကျိုးခရိုင် အုပ်ချုပ်ရေးဆိုင်ရာစင်တာသစ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တေ့ွရှိခြင်းဖြစ်သည်။

ရှေးအကျဆုံး အုတ်ဂူမှာ နှစ်ပေါင်း ၂၄ဝဝ သက်တမ်းပင်ရှိပြီဖြစ်သည်။ ထို့အပြင် ရှေးဟောင်းအိုးများ၊ ကြွေထည်များ၊ ကြေးပစ္စည်းများနှင့် သံထည်များအပါအဝင် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်းပေါင်း ၁ဝဝဝဝ ကျော်ကိုလည်း တူးဖော်တွေ့ရှိခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.