Connect with us

Videos

ကွမ်ကျိုး မော်တော်ကားပြပွဲတွင် နေရောင်ခြည်စွမ်းအင်သုံးယာဉ်များပြသ

ကွမ်ကျိုး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးပြည်နယ်တွင် ကျင်းပလျက်ရှိသည့် ကွမ်ကျိုး မော်တော်ကားပြပွဲတွင် နေရောင်ခြည်စွမ်းအင်သုံးယာဉ်များ၊ Plug in လျှပ်စစ်ယာဉ်များ နှင့် လျှပ်စစ်စွမ်းအင်အပြည့်အဝ အသုံးပြုနိုင်သည့် ယာဉ်များကို ပြသထားသည်။ Hanergy ကားထုတ်လုပ်ရေးကုမ္ပဏီ က ဆိုလာကားများကို လည်းပြသခဲ့ သည်။ ထိုကားများမှာ solar R concept car တွင် နည်းပညာများစွာကို ထည့်သွင်းအသုံးပြု ထား ပြီး ကားများတွင် တပ်ဆင်သည့်ဆိုလာပြားများကို Alta Devices Anylight နည်းပညာကို အခြေခံထုတ်လုပ်ထားသည်။ ထိုနည်းပညာမှာ လျှပ်စစ်ကားများ စွမ်းအင်ပိုမို ချဲ့ထွင်သုံးစွဲနိုင်မည့် နည်းပညာရပ်လည်းဖြစ်သည်။ Hanergy အနေဖြင့် အဆိုပါနည်းပညာကိုအသုံးပြု၍ အနာဂတ်တွင် နေရောင်ခြည်စွမ်းအင်ကို အပြည့်အဝ အသုံးပြုနိုင်သည့် ဆိုလာပါဝါစွမ်းအင်သုံးကားများ ကို ထုတ်လုပ်ရန်ရည်ရွယ်သည်။ တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် အောက်တိုဘာလ၌ စွမ်းအင်သစ်နည်းပညာသုံး ကားအစီးရေ ပေါင်း ၄၉ဝဝဝ စီးကို ထုတ်လုပ်နိုင်ခဲ့ပြီး အစီးရေပေါင်း ၄၄ဝဝဝ အားရောင်းချခဲ့ပြီးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.