Videos
လန်ဒန် အနောက်ပိုင်း မြေအောက်ရထားဘူတာရုံ ပေါက်ကွဲမှု ဖြစ်ပွား
လန်ဒန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) လန်ဒန် အနောက်ပိုင်းရှိ မြေအောက် ရထားဘူတာရုံ တစ်ခုတွင် စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ ခရီးသည်များ ထွက်ပြေးခဲ့ကြောင်း ဗြိတိန်နိုင်ငံ အရေးပေါ်လုပ်ငန်းက ပြောကြားခဲ့သည်။ ပေါက်ကွဲမှုကြောင့် မီးလုံးကြီးများမှာ ရထားတွဲပေါ်သို့ ပြုတ်ကျကာ ခရီးသည်များ၏ မျက်နှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းမှ အဖွဲ့ဝင်များ ရောက်လာစဉ်တွင် ခရီးသည်များမှာ Parsons Green မြေအောက် ရထားဘူတာရုံမှ ထွက်ပြေးနေသည်ကို တွေ့ရကြောင်း၊ အဆိုပါ ပေါက်ကွဲမှုမှာ အကြမ်းဖက် လုပ်ရပ်နှင့် ဆက်စပ်သည်ဟု ပြောရန် စောနေသေးကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား လန်ဒန် ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း သိရသည်။ (Xinhua)