Videos
လာစ့်ဗီးဂတ်စ်ပစ်ခတ်မှုဒါဏ်ရာရသူများအားသွေးလှူဒါန်းမည့်သူများစွာတန်းစီစောင့်ဆိုင်း
လာစ့်ဗီးဂတ်စ်၊အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) လာစ့်ဗီးဂတ်စ် ပစ်ခတ်မှုတွင်ထိခိုက်ဒါဏ်ရာရရှိခဲ့သူများအား သွေးလှူဒါန်းရန်အတွက် သွေးလှူရှင်များစွာတန်းစီစောင့်ဆိုင်းခဲ့ကြသည်။ အောက်တိုဘာလ ၁ ရက် ညပိုင်းတွင် သေနတ် ပစ်ခတ်မှုကြီး ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၅၉ ဦး နှင့် ဒဏ်ရာရသူ ၅၂၇ ဦးရှိပြီဖြစ်ရာ အဆိုပါဒါဏ်ရာရရှိသူ ၅ဝဝ ကျော် အား သွေးလှူဒါန်းရန်အတွက် စေတနာ့ဝန်ထမ်းများက ဗဟိုသွေးဘဏ်နှင့် သွေးဘဏ်ခွဲများ၏ အပြင်ဘက်တွင်တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။ သွေးဘဏ်ညွှန်ကြားရေးမှူးက ဆင်ဟွာသတင်းဋ္ဌာနကိုပြောကြားရာတွင် လက်ရှိအချိန်အထိ လူပေါင်း ၃ဝဝ ကျော်သွေးလှူဒါန်းပြီးဖြစ်ကာ အပြင်ဘက်တွင် လူပေါင်း ၆ဝဝ ကျော် သွေးလှူရန်အတွက် စာရင်းသွင်းကာ စောင့်ဆိုင်းနေသည်ဟုဆိုသည်။ ထို့အပြင် အခြားလာစ့်ဗီးဂတ်စ် ပြည်သူများကလည်း စားသောက်ဖွယ်ရာများကို လမ်းများပေါ်တွင် ဝေငှလျက်ရှိသည်။ (Xinhua)