Connect with us

Videos

လာစ့်ဗီးဂတ်စ် ပစ်ခတ်မှုတွင်သေဆုံးသူ ၅၉ ဦး နှင့် ဒဏ်ရာရသူ ၅၂၇ ဦးထိရှိလာ

လာစ့်ဗီးဂတ်စ် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လပ်စ်ဗီးဂတ်စ်မြို့ရှိ Mandalay Bay ဟိုတယ်ပြင်ပ၌ လူအစုအဝေးအတွင်း အောက်တိုဘာလ ၁ ရက် ညပိုင်းတွင် သေနတ် ပစ်ခတ်မှုကြီး ဖြစ်ပွားခဲ့ရာ အောက်တိုဘာလ ၃ ရက်နေ့အထိ ရရှိထားသောစာရင်းများအရ သေဆုံးသူဦးရေမှာ ၅၉ ဦး နှင့် ဒဏ်ရာရသူ ဦးရေမှာ ၅၂၇ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ အွန်လိုင်းပေါ်တွင် တင်ခဲ့သည့် ဗီဒီယိုဖြတ်ပိုင်းအရ မောင်းပြန်သေနတ် ပစ်ခတ်သံများကိုပင် ကြားခဲ့ရသည်။ ယင်း လက်နက်မှာ အသံကျယ်စေရန် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အမေရိကန် သေနတ်ရောင်းသည့် ဆိုင်များတွင်ပင် အလွယ်တကူ ဝယ်ယူ၍ရသည့် အမျိုးအစား မဟုတ်ကြောင်း သိရသည်။ ABC 7 သတင်းလိုင်းတွင် ပြသမှုအရ သေနတ်အချက် ရာပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအား လပ်စ်ဗီးဂတ်စ် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ သေနတ် ပစ်ခတ်မှု သံသယရှိသူ တစ်ဦးအား ရဲတပ်ဖွဲ့က အသေဖမ်းဆီးမိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.