Connect with us

Videos

လူ့အရေပြားကို 3D printer ဖြင့် စပိန်ပညာရှင်များထုတ်လုပ်

မက်ဒရစ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

လူ့အရေပြားကိုအစားထိုးခွဲစိတ်ပြုပြင်ရန်၊အလှကုန်ပစ္စည်းများ နှင့် ဆေးဝါးဖော်စပ်မှု တို့တွင် စမ်းသပ်အသုံးပြုရန် အလို့ငှါ အရေပြားအစစ်သဖွယ်ထုတ်လုပ်ပေးနိုင်သည့် bio printer တစ်လုံးကို စပိန်နိုင်ငံရှိ သုတေသီများက တီထွင်ထုတ်လုပ်ခဲ့ကြသည်။

၎င်းသည် သက်ရှိသတ္တဝါတို့၏ ခန္ဓာကိုယ်အစိတ်ပိုင်း( အရေးပြားအသားမျှင်စ) ကို အသုံးပြု၍ စက်ကိရိယာဖြင့် ထုတ်လုပ်ပေးနိုင်သည့် ပထမဆုံးသော ဇီဝprinter တစ်လုံးဖြစ်လာမည်ဖြစ်သည်။ Gregorio Maranon ဆေးရုံးမှ ဒေါက်တာ Juan Francisco Del Canizo က ပြောကြားရာတွင် “ အရေးပြာအစားထိုးတဲ့ လုပ်ငန်းစဉ်တွေကို ဈေးနှုန်းသက်သက်သာသာ နဲ့ အချိန်တိုတိုအတွင်း လုပ်နိုင်မှာပါ။

ခန္ဓာကိုယ် အရေပြား ၁ဝဝ စတုရန်းစင်တီမီတာကို အချိန် ၃၅ မိနစ်လောက် နဲ့ပြီးအောင် ခွဲစပ်ပြုပြင်နိုင်ပါတယ်” ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.