Connect with us

Videos

လျှပ်စစ်စွမ်းအင်ပေါင်း ၁.၈ မီလီယံကို ၂၄ နာရီ ထုတ်လွှတ်နိုင်သောနေရောင်ခြည်စွမ်းအင်သုံးစက်ရုံ

ကန်းစု၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းကန်းစုပြည်နယ် Dunhuang တွင် တည်ဆောက်ထားသည့် စွမ်းအင်စက်ရုံ တွင် မှန်အချပ်ရေပေါင်း ၁၂ဝဝဝ ကျော် ကို အသုံးပြုထားပြီး ၎င်းမှ ဆိုလာတာဝါထိပ် ရှိ receiver ထံသို့နေရောင်ခြည်စွမ်းအင်များကို ပို့လွှတ်ကာ စွမ်းအင်များကိုထုတ်လွှတ်ခြင်းဖြစ်သည်။ ၎င်း စွမ်းအင် စီမံကိန်း မှာ ယခုနှစ် ဇွန်လ ၁၉ ရက်တွင် အောင်မြင်စွာ စွမ်းအင်အပြည့် ထုတ်လွှတ် နိုင်ခဲ့ ပြီး လျှပ်စစ်စွမ်းအင်ပေါင်း ၁.၈ မီလီယံကို ၂၄ နာရီ ထုတ်လွှတ်နိုင်သောကြောင့် စံချိန်သစ်တင်နိုင်ခဲ့သည်။ စက်ရုံမှနှစ်စဉ် လျှပ်စစ်စွမ်းအင်ပေါင်း ၃၉ဝ မီလီယံ ကီလိုဝပ်အထိ ထုတ်လွှတ်နိုင်ရန် ဒီဇိုင်းဆွဲကာ တည်ဆောက်ထားသည့် အပြင် သစ်တော ဧရိယာပေါင်း ၆၆၇ ဟက်တာနှင့်ညီမျှသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၃၅ဝဝဝဝတန်ကို နှစ်စဉ် လျှော့ချပေးနိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.