Videos
ဝှီးချဲ နှင့် အိပ်ရာလိုသလိုပြောင်းလဲပေးသော နည်းပညာသုံးစက်ပစ္စည်း
ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
ခလုတ်တစ်ခုနှိပ်ရုံဖြင့် အိပ်ရာမှ ဝှီးချဲ ကုလားထိုင်သို့ အလိုအလျောက် ပြောင်းလဲနိုင်သော နည်းပညာသုံးစက်ပစ္စည်းကို ပေကျင်းတွင်ကျင်းပလျက်ရှိသော ၂ဝ၁၇ ခုနှစ် စက်ရုပ်များညီလာခံတွင်ပြသခဲ့သည်။ ရှန်ယန်းအခြေစိုက် SIASUN Robot and automation ကုမ္ပဏီက အဆိုပါ နည်းပညာကိုတီထွင်ဖန်တီးထားခြင်းဖြစ်သည်။ သွားလာလှုပ်ရှားရန်ခက်ခဲသူများ မသန်စွမ်းသူများ၊သက်ကြီးရွယ်အိုများ ကို ပိုမိုအဆင်ပြေသည့်ကူညီမှုများပေးရန်ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ (Xinhua)