Connect with us

Videos

ပုတ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်ထိ လာရောက်မည်

ရန်ကုန် ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

ပုတ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံ ၊ ရန်ကုန် နှင့် နေပြည်တော် မြို့များသို့ နိုဝင်ဘာလ ၂၇ ရက်မှ ၃၀ ရက် အထိ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ သိရသည်။ပုတ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံသား အားလုံးကို တွေ့ဆုံရန် ၊ အားလုံး အတွက် ကြွလာခြင်း ဖြစ်ကြောင်း ၊ အစိုးရ ခေါင်းဆောင်များ နှင့် သာမက ဘာသာရေး ခေါင်းဆောင်များ ၊ လုပ်သား ပြည်သူလူငယ်များ နှင့်လည်း တွေ့ဆုံလိမ့်မည်ဟု မျှော်လင့်ရကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

ယဉ်ကျေးမှု ၊ ဘာသာတရား ခြားနားသော်လည်း ယှဉ်တွဲနေထိုင် လျက်ရှိနေကာ မြန်မာနိုင်ငံသို့ ပုတ်ရဟန်းမင်းကြီး ဖရန်စစ် ကြွရောက်တော်မှုခြင်း အားဖြင့် မင်္ဂလာ အပေါင်း ခညောင်းပြီး စည်းလုံး ညီညာ ငြိမ်းချမ်း သာယာသော နိုင်ငံ အဖြစ်သို့ အလျင်အမြန် ရောက်ရှိတော့မည့် နိမိတ် လက္ခဏ ဖြစ်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.