Videos
သမိုင်းတွင်စေသော စာမျက်နှာအဖြစ် ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံ
စင်ကာပူ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
လက်တွေ့ကျသော ဆောင်ရွက်မှုများဖြင့် ထိုင်ဝမ်ရေလက်ကြား ဒေသနှစ်ခု တည်ငြိမ် အေးချမ်းရေး များအား လုပ်ဆောင်ပြသရမည် ဖြစ်ကြောင်း ထိုင်ဝမ်ရေလက်ကြား နှစ်ဘက် ခေါင်းဆောင်များ၏ သမိုင်းတွင်စေသော တွေ့ဆုံမှု တွင် ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ယခုတွေ့ဆုံ ဆွေးနွေးမှုမှ ထိုင်ဝမ်ရေလက်ကြား ဒေသနှစ်ခုရှိ မိသားစုများ၊ ဆွေမျိုးများ ပြန်လည် ဆုံစည်းနိုင် ဖို့မျှော်လင့်နေကြကြောင်း၊လက်ရှိအချိန်တွင် ဤနေရာ၌ အတူတကွ နေထိုင်ခြင်းဖြင့် ယခင် ဖြစ်ပွားခဲ့သော မကောင်းမွန်ခဲ့ သည့် သမိုင်း ကြောင်းများ ပြန်မဖြစ်စေရန်နှင့် ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်ဒေသရှိ ပြည်သူလူထုများ တည်ငြိမ်အေးချမ်းသည့် ဘဝများတွင် နေထိုင်သွားရန်အပြင် သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
မာယင်းကျုံကလည်း ၁၉၉၂ ခုနှစ် နိုဝင်ဘာလက ချုပ်ဆိုခဲ့သည့် သဘောတူညီမှုကို လိုက်နာ သွားမည် ဖြစ်ကြောင်း ၊ အပြန်အလှန် ဆက်ဆံရေး ကဏ္ဍများ အား တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်ဒေသ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုတက်ရေးအတွက် အကြံပြု တင်ပြအပ်ပါကြောင်း ပြောကြားခဲ့သည်။ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ခေါင်းဆောင်များ အနေဖြင့် ၁၉၄၉ ခုနှစ် နောက်ပိုင်း ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်သည်။ (Xinhua)