Connect with us

Videos

ရွေးကောက်ပွဲ မကျင်းပမီ ၁ရက်အလိုတွင် ပြည်သူများမှမဲပေးရန်စိတ်အားထက်သန်လျက်ရှိ

ရန်ကုန်၊ နိုဝင်ဘာလ(၇) ရက် (ဆင်ဟွာ)

နိုဝင်ဘာလ (၈) ရက်နေ့ မနက် ၆ နာရီတွင် စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲရုံပေါင်း ၄သောင်းကျော်၌ပြည်သူပေါင်း ၃၃ သန်း မှ ပါဝင် ၍ ဆန္ဒမဲ ပေးကြ ရန် စိတ်အားထက်သန်နေကြကြောင်းသိရသည်။

အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးရန် တစ်ရက်အလို တွင် မဲရုံများ၌် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေ ချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ပြင်ဆင်လျက် ရှိသလို ရန်ကုန်မြို့နေ ပြည်သူ များက ဆန္ဒမဲပေးရန် တက်ကြွလျက်ရှိပါသည်။ (interview)
၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၁ ပါတီ နှင့် တစ်သီးပုဂ္ဂလ ၃၁ဝ ဦးတို့မှ လွှတ်တော် ကိုယ်စားလှယ် လောင်း ပေါင်း ၆ဝ၃၈ တို့ မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲကာလတွင် တစ်နိုင်ငံလုံး ၌ တည်ငြိမ်အေးချမ်းစွာ မဲပေးနိုင်ရန် အတွက် အထူးရဲပေါင်း လေးသောင်းအား ခန့်ထားအသုံးပြုသွားမည်ဖြစ်သည်။ ထို့အပြင် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ဖြစ်စေရန်အတွက် တစ်နိုင်ငံလုံးရှိ မဲရုံများ၌ ပြည်တွင်းပြည်ပ မှ စောင့်ကြည့်လေ့လာသူပေါင်း ၁သောင်းကျော်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.