Connect with us

Videos

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး ယနေ့စတင် ကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးကို ယနေ့နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီအချိန်မှ စတင်၍ တစ်နိုင်ငံလုံး အနှံ့ မဲရုံများအသီးသီး၌ ဆန္ဒမဲပေးခြင်းဖြင့် စတင်ပြုလုပ်လျက်ရှိ နေပြီ ဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒရှင် ပြည်သူ ၃၃ သန်းခန့် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် နေရာများအတွက် ဆန္ဒမဲများကို ပေးကြရမည် ဖြစ်သည်။

ယခင်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများထက် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ် အများဆုံး ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ရွေးကောက်ပွဲ ဖြစ်ပြီး မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ရှိ မဲဆန္ဒနယ်မြေ ၁၁၇၁ နယ်မြေအနက် ပန်ဆန်း ၊ နားဖန်း ၊ ပန်ဝိုင် ၊ မိုင်းမော ၊ မိုင်းလား ၊ ကျေးသီးနှင့် မိုင်းရှုး မြို့နယ် ၇ မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် အခြေအနေရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.