Connect with us

Videos

သဲကန္တာရအတွင်းကမ္ဘာ့အရှည်ဆုံးအဝေးပြေးလမ်းဖွင့်လှစ်

ပေကျင်း၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန့် ယူအီဂါ Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် Urumqi မြို့ နှင့်ပေကျင်းကို ချိတ်ဆက်ထားသော ကီလိုမီတာ ၂၅၄ဝ ရှိသည့် အဝေးပြေးလမ်းမကြီးကို ဇူလိုင်လ ၁၅ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ၎င်းသည်တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားသမ္မတနိုင်ငံအတွင်းရှိ သဲကန္တာရ ၃ ခုကိုဖြတ်သန်းဖောက်လုပ်ထားသည့် ကမ္ဘာ့အရှည်ဆုံးသဲကန္တာရတွင်ဖောက်လုပ်ထားသော အဝေးပြေးလမ်းဖြစ်သည်။ ထိုအဝေးပြေးလမ်းကို ဖောက်လုပ်ရန်အတွက် အလုပ်သမားများမှာ သဲမုန်တိုင်းများ၊ ရေပြတ်လပ်မှုများနှင့် ပြင်းထန်စွာပူပြင်းသည့် ရာသီဥတု ဒဏ်များခံကာ ခက်ခဲပင်ပန်းစွာလုပ်ဆောင်ခဲ့ရသည်။ G7 အဝေးပြေးလမ်းဟု အမည်ပေးထားသည့် အဆိုပါ အဝေးပြေးလမ်းစီမံကိန်းသည် ငါးနှစ်တာ တည်ဆောက်ပြီးနောက် ပြီးစီးခဲ့ပြီဖြစ်သည်။ ထို အဝေးပြေးလမ်းသည် ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှု စီမံကိန်းတစ်ရပ်ဖြစ်သော အာရှတိုက်နှင့် ဥရောပတိုက် ကုန်းလမ်းဆက်သွယ်ရေးစီမံကိန်း ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.