Videos
အပစ်အခတ်ရပ်စဲရေးကိုခိုင်မာအောင်ပြုလုပ်ခြင်းဖြင့်ပြည်သူများငြိမ်းချမ်းရေး ၏အကျိုးကို ခံစားရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
နေပြည်တော်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းရေး ညီလာခံ ဖြစ်မြောက်ရေးနှင့် အပပ်အခတ် ရပ်စဲရေး၌ ပါဝင်သင့်သူများ ပါဝင်ရေးကို မျဉ်းပြိုင် သဖွယ် တစ်ပြိုင်တည်း လုပ်ဆောင်သွားသင့်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျင်းပသော ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေး မိန့်ခွန်း၌ တိုက်တွန်း ပြောကြားသည်။
အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် ပြုလုပ်ခြင်းဖြင့် ပြည်သူများ ငြိမ်းချမ်းရေး၏ အကျိုးကို ခံစားရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ငြိမ်းချမ်းရေး တည်တံခိုင်မြဲစွာ လုပ်ဆောင်ရန် အရေးကြီးပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမှုသည် ပထမ ခြေလှမ်းသာ ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး တည်တံ့ခိုင်မြဲမှု မရှိနိုင်လျှင် တကယ် ငြိမ်းချမ်းရေး မရနိုင်ကြောင်း ၎င်းကဆိုသည်။
အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) ၏ အဓိက တာဝန်သည် အပစ်အခတ် ရပ်စဲရေးအတွက် အဘက်ဘက်က မကျေနပ်မှု မရှိအောင်လုပ်ဆောင်ရန်၊ တရားမျှတမှု ရှိမရှိကို ထိန်းသိမ်းရန် ဖြစ်ပြီး အဆိုပါ JMC အစည်းအဝေးမှ အားနည်ချက်၊ အားသာချက်များပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ညီလာခံကို ဆက်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း အတွင်း ထည့်သွင်း ပြောကြားသည်။
အပစ်အခတ် ရပ်စဲရေး၌ တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်နိုင်ရေးကိုလည်း ဝိုင်းဝန်း စဉ်းစား လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
(Xinhua)