Connect with us

Videos

တရုတ်ကြိုးတန်း လမ်းလျှောက်သမား Zhang က Tiger Leaping Gorge ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့

ပေကျင်း ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသား ကြိုးတန်း လမ်းလျှောက်သမား Zhang သည် ၂.၅ စင်တာ မီတာ လုံးပတ်မျှသာ ရှိသော ကြိုးတန်းပေါ်မှ လမ်းလျှောက်ကာ ဧပြီလ ၂၆ ရက်တွင် ယူနန် ပြည်နယ်ရှိ Tiger Leaping Gorge ပေါ်မှ မြစ်ကို ဖြတ်ကျော်၍ ( ကြိုးတန်း အပျော့ လမ်းလျှောက်မှု ) ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
Zhang Liang သည်အကျယ် ၆ဝ မီတာရှိ Gorge ချောက်ကမ်းပါး၏ အကျဉ်းဆုံး နေရာတွင်အမြင့် ၁၆ မီတာ အပေါ်မှနေ၍ စုစုပေါင်း ကြာချိန် ၅ မိနစ် ၅၈ စက္ကန့်ဖြင့် Tiger Leaping Gorge ကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့ခြင်း ဖြစ်သည်။ Zhang သည် ယခင်က Jinsha မြစ်ကို ကြိုးတန်း လမ်းလျှောက်၍ အကြိမ်ကြိမ် ဖြတ်ကျော်ရန် ကြိုးစားခဲ့ ဖူးသော်လည်း တစ်ကြိမ်မျှ အောင်မြင်ခြင်း မရှိခဲ့ပေ။ သို့သော် ယခုနောက်ဆုံးတွင် သူ၏ စိန်ခေါ်မှုမှာ အရာထင်ခဲ့ပြီး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.