Connect with us

Videos

အလိုအလျောက်ပြန်လည်ကောင်းမွန်အောင် ပြုပြင်နိုင်သည့်လမ်းအမျိုးအစား အိန္ဒိယတွင်အသုံးပြု

ဗန်ကူးဗား၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဗန်ကူးဗားရှိ University of British Columbia မှ အင်ဂျင်နီယာအဖွဲ့သည် အလိုအလျောက်ပြန်လည်ကောင်းမွန်အောင်ပြုပြင်နိုင်သည့် လမ်းကို အိန္ဒိယနိုင်ငံတွင်တီထွင် အသုံးပြုခဲ့သည်။ အဆိုပါ လမ်းမှာ ကာလရှည်ကြာအသုံးပြုရင်း ပျက်စီးမှုရှိလာပါက အလိုအလျောက် ပြုပြင်နိုင်မည်ဖြစ်သော ကြောင့် အကုန်အကျသက်သာ စေသည့် အပြင် ကာဗွန်သိပ်သည်းဆကိုလျှော့ချထားသောကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျှော့ချပေးနိုင်သည်။ ပုံမှန်လမ်းများထက် ၇ဝ ရာခိုင်နှုန်းပါးလွှာကာ ၅ဆ ပိုမို ကြာရှည်ခံမည်ဟုသိရသည်။ အဆိုပါလမ်းကို ကွန်ကရစ်များ ၊ အထူးပြုလုပ်ထားသော ဖိုင်ဘာ သားများနှင့် တည်ဆောက်ထားသည်။ ရေဖြင့်ရောစပ်လိုက်ပါက ဖိုင်ဘာများမှာ အက်ကွဲရာများကို ပြန်လည်ညှိနှိုင်း ဆက်စပ်ပေးသည့် silicates များအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုကဲ့သို့အလိုအလျောက် ပြုပြင်နိုင်သည့်လမ်းကို အိန္ဒိယနိုင်ငံတွင် မနှစ်ကတည်းက စတင်အသုံးပြုခဲ့သည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.