Connect with us

Videos

အလုံးစုံအလိုအလျောက်စနစ်သုံး ဓါတ်ခဲထုတ်လုပ်ရေးစက်ရုံ

ကျဲ့ကျန်း၊ မေ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း  ကျဲ့ကျန်းပြည်နယ် Ningbo မြို့တွင် စက်ရုပ်များဖြင့်လည်ပတ်သည့် အလုံးစုံအလိုအလျောက်စနစ်သုံး ဓါတ်ခဲ ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ဖွင့်လှစ်ထားသည်။ ထိုစက်ရုံ၏ ထူးခြားချက်မှာ အလိုအလျောက်စနစ်ဖြင့် လည်ပတ်နေစဉ်အတွင်း အပူချိန်အလွန်မြင့်မားသောကြောင့် စက်ရုံတစ်ခုလုံးကို မီးများအားလုံး ပိတ်၍  လည်ပတ်မောင်းနှင်ရခြင်းဖြစ်သည်။ ထိုသို့ စွမ်းအင် တစ်စိတ်တစ်ပိုင်း ချွေတာ ခြင်းအားဖြင့် ထုတ်လုပ်မှုနှုန်းကို ၁၅ ရာခိုင်နှုန်းအထိ တိုးမြင့်စေကြောင်း သိရသည်။ စက်ရုံမှ တစ်မိနစ်လျှင် ဓါတ်ခဲ အလုံးရေ ၅၀၀ အထိ ထုတ်လုပ်ပေးနိုင်သည်။ နည်းပညာမြင့် စက်ရုံတွင် စက်ကိရိယာများနှင့် စက်ရုပ်များက အလိုအလျောက်မောင်းနှင် လည်ပတ်နေပြီး အသက် ၄၃ နှစ်အရွယ် ဖူရှန်းဖန့် က အနီးကပ်ကြီးကြပ်ရသည့် အင်ဂျင်နီယာ တစ်ဦးအဖြစ် တာဝန်ယူထားသည်။

“ ကျွန်တော် ကိရိယာတွေကို အစိတ်အပိုင်းအလိုက် ဒီဇိုင်းထုတ်တဲ့အခါမှာ အနုပညာ အစိတ်အပိုင်းတွေ လုပ်သလို အားလုံးကို အသေးစိတ်ကအစ အတိအကျ လုပ်ရပါတယ် စက်ရုံမှာ အငြင်သာဆုံးအသံ၊ အတည်ငြိမ်ဆုံးစနစ်နဲ့ အတိကျဆုံးတွက်ချက်မှုတွေမှာ အကောင်းဆုံး ဖြစ် ရုံသာမကဘဲ စက်ကိရိယာတွေ လည်ပတ် မောင်းနှင်ပုံမှာကြည့်ပျော်ရှုပျော်ဖြစ်ပြီး အလုပ်သမားတွေရဲ့လိုအပ်ချက်နဲ့ လည်း ကိုက်ညီသင့်ပါတယ်၊ ဒါကြောင့် စက်ရုံမလည်ပတ်ခင်မှာ ကျွန်တော် က အချိန် အတော်ယူပြီး စဉ်းစားပြင်ဆင်ခဲ့ရပါတယ်၊ ကျွန်တော့်အနေနဲ့ ဒီအလုပ်ကို ပြီးမြောက်ပြီလို့ ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး၊ လုပ်ငန်းစဉ်ကတော့ပြီးသွားပြီဆိုပေမဲ့ တကယ်က လုပ်စရာတွေရှိနေပါသေးတယ်၊ အဆင့်မြှင့်တင်ရမယ့်အပိုင်းဆိုတာအမြဲရှိနေပါတယ်” ဟု ဖူရှန်းဖန့် က ဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.