Connect with us

Videos

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အကြီးဆုံး ဥမင် တူးစက်ကြီး ကို မော်စကိုမြို့တွင်အသုံးပြု

မော်စကို၊ မေ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အကြီးဆုံး ဥမင်လှိုဏ်ခေါင်းတူးစက်ကြီးကို ရုရှားနိုင်ငံ မော်စကိုမြို့၏ မြေအောက်ရထားလမ်းဥမင်တည်ဆောက်ရာ၌ အသုံးပြုရန် တင်ပို့ခဲ့ကြောင်းသိရသည်။ အဆိုပါဥမင်တူးစက်ကြီး သည် အချင်း ၁၀.၈၈ မီတာရှိပြီး ဥရောပတိုက်နိုင်ငံများသို့ တရုတ်နိုင်ငံမှ တင်ပို့သည့် အကြီးဆုံး အမျိုးအစား ဥမင်တူးစက်ကြီးလည်းဖြစ်သည်။ ၎င်း ဥမင်တူးစက်ကြီးကို မေလ ၆ ရက်တွင် မော်စကိုမြို့၌ စတင်အသုံးပြုခဲ့ကြသည်။ ဥမင်တူးစက်ကြီးသည် အလေးချိန် တန် ၁,၇၀၀ ရှိပြီး အပူချိန် အနုတ် ၃၀ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိသည့် မော်စကိုမြို့၏ အေးမြသည့် ရာသီ၌ပင်ကောင်းစွာ လုပ်ဆောင်နိုင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.