Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

အသက် ၈၁ နှစ်အရွယ် ပန်းပုဆရာကြီး လှူဒါန်းခဲ့သည့် မှော်ကျောက်တုံးရဲတိုက် - Xinhua News Agency
Connect with us

Videos

အသက် ၈၁ နှစ်အရွယ် ပန်းပုဆရာကြီး လှူဒါန်းခဲ့သည့် မှော်ကျောက်တုံးရဲတိုက်

ကွေ့ကျိုး၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် မှော်ကျောက်တုံးရဲတိုက်ဟု တင်စားခေါ်ဝေါ် ကြသော ကျောက်သားရုပ်တုများ ခင်းကျင်းပြသထားသည့် ၁၃ ဟက်တာ အကျယ်အဝန်းရှိသော ဥယျာဉ်တစ်ခုရှိသည်။ ၎င်းဥယျာဉ်ကို ဖန်တီးခဲ့သည့် အသက် ၈၁ နှစ်အရွယ် ပန်းပုဆရာကြီး Song Peilun က အဆိုပါ မှော်ကျောက်တုံးရဲတိုက်ကြီးကို တက္ကသိုလ်တစ်ခုအား လှူဒါန်းခဲ့သည်။ 

Song မှာ ပန်းပုဆရာတစ်ဦးဖြစ်ပြီး အလုပ်မှ အနားယူကာ နှစ်ပေါင်း ၂၀ နီးပါး မှော်ကျောက်တုံးရဲတိုက်ကြီးကို ဖန်တီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုကျောက်တုံးဥယျာဉ်ထဲတွင် ရုပ်တုပေါင်း ၃၀၀ ကျော် ထားရှိပြီး ကြီးမားသည့် လူသားမျက်နှာများ အသွင် ပုံဖော် ထုလုပ်ထားသည်။ ထိုရုပ်တုများသည် မကောင်းဆိုးဝါး ဝိဉာဉ်များကိုမောင်းထုတ်ရန် မျက်နှာဖုံးများဝတ်ဆင်ပြီး ကပြ တင်ဆက်လေ့ရှိသည့် တရုတ်ရိုးရာ Nuo အော်ပရာထဲမှ ရုပ်တုများ၏ နမူနာပုံကိုယူ၍ ဖန်တီးထားခြင်းဖြစ်ကြောင်း၊ ဒေသတွင်း သမိုင်းတွင်စေမည့် လက်ရာများကို ဖန်တီးတည်ဆောက်ချင်ကြောင်း song က ဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.