Connect with us

Videos

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးက ဟောင်ကောင်တွင် ပဋိပက္ခများအဆုံးသတ်ရန်နှင့် တရားဥပဒေစိုးမိုးရေးပြန်လည်ခိုင်မာရန်ဆောင်ရွက်သွားမည် ဟု ကတိပြု

ဟောင်ကောင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) 

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဟောင်ကောင်တွင် ကာလရှည်ကြာ အမြစ်တွယ်နေသည့် ပြဿနာများကိုဖြေရှင်းရန်၊ တရားဥပဒေစိုးမိုးရေး ပြန်လည်ခိုင်မာရန် နှင့် ပဋိပက္ခများအဆုံးသတ်စေရေး လုပ်ဆောင်သွားရန် ဆင်ဟွာသတင်းဋ္ဌာန နှင့်သီးသန့် တွေ့ဆုံမေးမြန်းရာ၌ ကတိပြုပြောကြားခဲ့သည်။ 

ကယ်ရီလမ်းက ဟောင်ကောင်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်နိုင်မည် ဟု ယုံကြည်ချက်ရှိသည့်အပြင် ဟောင်ကောင်ဒေသ၏ အလားအလာကောင်းများအပေါ်ထားရှိသည့် သူမ၏ အမြင်ကိုလည်း ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။   

ကယ်ရီလမ်းက “လာမည့် ၂ နှစ်အတွင်းမှာ ကျွန်မတို့အနေနဲ့ ပဋိပက္ခတွေကိုအဆုံးသတ်ပြီး တရားဥပဒေစိုးမိုးရေး ပြန်လည်တည်တံ့စေဖို့ နဲ့ ဟောင်ကောင်ဒေသတွင်းမှာ အမြစ်တွယ်နေတဲ့ ပြဿနာများကို ဖြေရှင်းသွားနိုင်ဖို့ အဓိက ကြိုးစားအားထုတ်သွားမှာပါ၊ ကျွန်မတို့ပြောသင့်တာကိုပြောပြီး လုပ်သင့်တာကိုလုပ်သွားမှာပါ၊ ဗဟိုအစိုးရ က ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေကို အမျိုးသားအဆင့် ပြဌာန်းလိုက်တာဟာ တကယ်လိုအပ်နေတဲ့အချိန်မှာ အချိန်ကိုက် ဖြစ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်၊ ဒီဥပဒေဟာဆိုရင် တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒအတွက် အခြေခံ အုတ်မြစ်လည်းဖြစ်ပါတယ် အထူးသဖြင့် တစ်နိုင်ငံအတွက်ပေါ့လေ၊ဥပဒေကို ပြဌာန်းပြီးနောက်မှာ ဥပဒေကို ကျင့်သုံးဖို့ကလည်း အရေးကြီးလှပါတယ်၊ အခုကျွန်မတို့ အဲဒီဥပဒေကို လက်ခံဖို့နဲ့ကျင့်သုံးရတော့မယ့်အချိန်ကိုရောက်ပါပြီ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ ရဲ့ အလုပ်ကတော့ ဒီဥပဒေကို ထိထိရောက်ရောက် ကျင့်သုံးပြီး အကြမ်းဖက်သမားတွေကို အရေးယူနိုင်ဖို့ပဲဖြစ်ပါတယ်၊ ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေဆိုတာ တရုတ်ပြည်သူ ၁ဒသမ၄ ဘီလီယံရဲ့ လုံခြုံရေး ဖြစ်တဲ့ အမျိုးသားလုံခြုံရေးကို အာမခံချက်ရှိစေတာဖြစ်ပါတယ်၊ဟောင်ကောင်ဒေသမှာ အကျိုးကျေးဇူးတွေ ခံစားရရှိနိုင်မယ်ဆိုတာကို ကျွန်မအပြည့်အဝယုံကြည်နေပါတယ်၊ပထမဆုံးကတော့ တစ်နိုင်ငံ စနစ် နှစ်မျိုးပေါ့၊ဒုတိယအနေနဲ့တော့ တရားဥပဒေစိုးမိုးရေးပေါ့၊ကျွန်မတို့မှာလွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ရှိပါတယ်၊ကျွန်မတို့ဆီမှာ စနစ်တကျထိရောက်တဲ့ စီးပွားရေးအခြေအနေလည်းရှိပါတယ်၊ ဒီတော့ ဟောင်ကောင်ဒေသ ဟာ နိုင်ငံတကာ နဲ့  ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ဟာ မြင့်မားနေဆဲပဲဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်တွေမှာ ပြည်တွင်း မငြိမ်သက်မှုတွေကြောင့် ဟောင်ကောင်ဒေသရဲ့ အဆင့်ဟာ အဆင့်တစ်ခု နှစ်ခုအထိ ကျဆင်းသွားခဲ့ပါတယ်၊တည်ငြိမ်မှု မရှိတဲ့ ဒေသမှာ ရင်းနှီးမြှုပ်နှံမှုတွေလာရောက်ဖို့ ကျွန်မတို့ ဘယ်လိုဆွဲဆောင်နိုင်ကြမှာလဲ၊ကျွန်မရဲ့ ဗျူဟာကတော့ ဟောင်ကောင်ဒေသရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းဖို့ နဲ့ စီးပွားရေးကိုပြန်လည်အသက်သွင်းဖို့ပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.