Videos
အသံထက်မြန်နှုန်းကိုရည်ရွယ်သော မြန်နှုန်းမြင့်ကားကို အင်္ဂလန်တွင် စမ်းသပ်ပြေးဆွဲခဲ့
အင်္ဂလန်၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံတောင်ပိုင်း Newquay လေဆိပ် တွင် အသံထက်မြန်နှုန်းကိုရည်ရွယ်သော မြန်နှုန်းမြင့်ကားကို စမ်းသပ်ပြေးဆွဲခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ China Geely Auto Group နှင့် ပူးပေါင်း ဆောင်ရွက်သည့် အဆိုပါ ကားစမ်းသပ်ပြေးဆွဲမှု တွင် ၁.၇ မိုင်ရှည်လျားသည့်လမ်းပေါ်တွင် ၈ စက္ကန့်အတွင်း တစ်နာရီ၂၁ဝ မိုင်အထိ ပြေးဆွဲခဲ့ပြီး ၎င်းမှာ မြေပြင်တွင် ပြေးဆွဲနိုင်သည့် အမြန်ဆုံးနှုန်းကို စံချိန်တင်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကားအား အသံထက်မြန်သော ကားအဖြစ် ၁နာရီလျင် မိုင် ၁ဝဝဝ အထိ သွားနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)