Connect with us

Videos

တရုတ်နိုင်ငံ၏ကမ်းလွန် လေစွမ်းအင်သုံး တာဘိုင်စက်တပ်ဆင်ရေး အကြီးမားဆုံးသဘောၤကြီး ရေချ

နန်တုန်၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကမ်းလွန်လေစွမ်းအင်တာဘိုင်စက်တပ်ဆင်ရေး ကိုယ်ပိုင်စွမ်းအားသုံးမောင်းနှင်နိုင်သည့်အကြီးမားဆုံးသင်္ဘောကြီးကိုရေချခဲ့ကြောင်းသိရသည်။ Longyuan zhenhua 3 ဟုအမည်ရသည့်အဆိုပါ သင်္ဘောကြီးမှာ ကမ်းရိုးတန်းလေစွမ်းအင်တာဘိုင်ရဟတ်များပြုပြင်တပ်ဆင်ရေးအတွက်အထူးဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။ အဆိုပါသင်္ဘောမှာ ၁ဝဝ.၈ မီတာရှည်ပြီး ၄၃.၂ မီတာအကျယ်ရှိသည်။ ၎င်းမှာ ပင်လယ်ရေအောက်အနက် မီတာ ၅ဝ အထိ အလုပ်လုပ်နိုင်ပြီး တန်ချိန်ပေါင်း ၂ဝဝဝ ခန့်ကို သယ်ဆောင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးသင်္ဘောဖြစ်ဖွယ်ရှိသည်။Shanghai Zhenhua ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ကာ ၂ဝ၁၇ ခုနှစ် ဇွန်လတွင်ပြီးစီးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.