Connect with us

Videos

အာကာသဆိုင်ရာနည်းပညာများပြပွဲကို ဥရောပတိုက်တွင်ပြသ

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ ၏ နောက်ဆုံး ထွက်ပေါ် ခဲ့သည့် အာကာသ ဆိုင်ရာနည်းပညာများပြပွဲ ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် တွင် ပြသခဲ့ ပြီး အာကာသနည်းပညာများ မည်မျှ တိုးတက်မှုရှိ လာသည်ကိုလာရောက်လေ့လာသူများက စိတ်ဝင်စားဖြင့် ခဲ့ကြသည်။ ပြပွဲတွင် နောက်ဆုံးပေါ် အာကာသ နည်းပညာများဖြင့် လူသားတို့၏ နေ့စဉ်ဘဝကို မည်သို့အကူအညီပေးသည်ကို လေ့လာနိုင်မည်ဖြစ်ပြီး ဥရောပသမဂ္ဂ အာကာသအစီအစဉ်၏ ဂြိုဟ်တုမှ ကမ္ဘာပေါ်သို့ သတင်းအချက်အလက်များ ထောက်ပံ့သည့် အသေးစိတ်အချက်အလက် များကို ပိုမိုထိရောက်သောနည်းဖြင့် ပြသသည့်ပွဲလည်းဖြစ်သည်။ ပြပွဲကို ဥရောပတိုက်ရှိ အဓိက မြို့ကြီးများမှ အာကာသနည်းပညာ အသစ်များကို စိတ်ပါဝင်စားသူပေါင်း ၁ သန်းခန့် လာရောက်လေ့လာခဲ့ကြပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှ အောက်တိုဘာလ၂၅ ရက်နေ့အထိ ပြသထားမည်ဖြစ်သည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.