Connect with us

Videos

Shenzhou-11 အာကာသယာဉ်မှ အာကာသယာဉ်မှူးများ Tiangong-2 အာကာသဓါတ်ခွဲခန်း သို့ဝင်ရောက်

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

Shenzhou-11 အာကာသယာဉ်မှ အာကာသယာဉ်မှူးများသည် အောက်တိုဘာ ၁၉ ရက် ပေကျင်းစံတော်ချိန် နံနက် ၆း၃၂နာရီ တွင် Tiangong-2 အာကာသဓါတ်ခွဲခန်း သို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။

အဆိုပါ အာကာသ ခရီးစဉ် ခေါင်းဆောင် Jing Haipeng က Tiangong-2 အာကာသဓါတ်ခွဲခန်း၏ ဝင်ပေါက်အား ဖွင့်ကာ ဓါတ်ခွဲခန်းအတွင်းသို့ လွှင့်မျောဝင်ရောက်ခဲ့ကာ ၎င်း၏နောက်တွင် အာကာသယာဉ်မှူး Chen Dong လိုက်ပါဝင်ရောက်ခဲ့ကြောင်း သိရသည်။

အာကာသယာဉ်မှူး နှစ်ဦးသည် အာကာသဓါတ်ခွဲခန်းမှ တစ်ဆင့် တရုတ်ပြည်သူအားလုံးထံ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး Shenzhou-11 နှင့် Tiangong-2 ချိတ်ဆက်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.