Connect with us

Videos

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် စတင်ရောက်ရှိ

နေပြည်တော် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ဝန်ကြီး ဝမ်ရိသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယနေ့ ဧပြီလ ၅ ရက် နေ့လည့်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စတင် ရောက်ရှိ လာခဲ့သည်။ မြန်မာ နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သော တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ ဧပြီလ ၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံး၌ တွေ့ဆုံလျက်ရှိသည်။

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ယနေ့ ဧပြီလ ၅ ရက်မှ စတင်၍ ဧပြီလ ၆ ရက်အထိ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံသို့ အစိုးရသစ် လက်ထက် ပထမဆုံး ရောက်ရှိလာခဲ့သော နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.