Connect with us

Videos

အာဖဂန်နစ္စတန်တောင်ပိုင်းတွင် အသတ်ခံရသည့် အမေရိကန်သတင်းထောက် နှင့် ဘာသာပြန် တို့ နာရေး ကျင်းပခဲ့

ကာဘူးလ်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
အမေရိကန် သတင်းထောက် နှင့် ဘာသာပြန်တစ်ဦးတို့ သည် ဇွန်လ ၅ ရက်နေ့က အာဖဂန် စစ်သွေးကြွ များ၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း အာဖဂန် အစိုးရအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့၏ နာရေး ကို ဇွန်လ (၇) ရက်နေ့တွင် မိသားစုများ ဆွေမျိုးများ မိတ်ဆွေများ ၏ ရှေ့မှောက်၌ ကျင်းပခဲ့သည်။
အမေရိကန် National Public Radio (NPR) မှ David Gilkey ဆိုသူနှင့် ဘာသာပြန် Zabihullah Tamana တို့သည် စစ်သွေးကြွ နှင့် အာဖဂန် တပ်တို့ အပြန်အလှန်ပစ်ခတ်ရာတွင် သေနတ်ထိမှန်ခဲ့သေဆုံးခဲ့ခြင်း ဖြစ်သည်။ အာဏာ ပိုင်များ၏ အဆိုအရ အဆိုပါတိုက်ခိုက်မှုမှာ တာလီဘန်များ၏ လက်ချက်ဖြစ်နိုင်ကြောင်း၊ သို့ရာတွင် မည်သည့်အဖွဲ့ အစည်းက မှ တိုက်ခိုက်မှု နှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ထုတ်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် Zabihullah Tamana သည် ဆင်ဟွာသတင်းဋ္ဌာန ကာဘူးရုံးခွဲတွင် ဓါတ်ပုံသတင်းထောက်အဖြစ် (၇) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
အာဖဂန်နစ္စတန် နိုင်ငံတွင် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း သတင်းထောက် ၅ဝ ကျော် အသတ်ခံခဲ့ရပြီး ၂ဝ၁၅ ခုနှစ်မှ ယခုအချိန်အထိ အသတ်ခံရသူ သတင်းထောက်ဦးရေမှာ ၆ ဦးအထိ ရှိပြီဖြစ်ကြောင်း Nai သတင်းဋ္ဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.