Connect with us

Videos

အာဖဂန်နစ္စတန်၌ နှင်းတောင်ပြိုကျ၍ လူ ၉ဝ ဦးထက်မနည်းသေဆုံး

Nuristan၊ အာဖဂန်နစ္စတန် ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၌ ဆီးနှင်းတောင်ပြိုကျ၍ လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် အအေးလွန်ကဲပြီး နှင်းမိုးများရွာသွန်းနေခြင်းကြောင့် လူပေါင်း ၉ဝ ဦး ထက်မနည်းသေဆုံးခဲ့ရသည်။ အဆိုပါနှင်းတောင်ပြိုကျမှုဒဏ်ကို Nuristan ပြည်နယ်က အဆိုးဝါးဆုံးခံစားခဲ့ရပြီး လူပေါင်း ၅ဝ ကျော်သေဆုံးခဲ့ရသည်။ ထို့ပြင် ဒဏ်ရာရသူ ဒါဇင်ပေါင်းများစွာရှိခဲ့ပြီး လူနေအိမ်များလည်း မရေမတွက်နိုင်အောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။ နှင်းတောင်ပြိုကျမှုကြောင့် သေဆုံးသူ ဦးရေမှာ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.