Connect with us

Videos

အာရှ-ပစိဖိတ် ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေ ၅ဆုအပါအဝင် စုစုပေါင်း ဆု ၄၅ ဆု ရရှိ

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေ ၅ဆုအပါအဝင် စုစုပေါင်း ဆု ၄၅ဆုရရှိခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲကို ဇွန် ၂၃ ရက်တွင် သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း ၌ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၉နိုင်ငံမှ ကစားသမား ၁၅၀ကျာ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင်မြန်မာနိုင်ငံက ကစားသမား ၇၀ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်သူအများဆုံးဖြစ်ပြီး ရွှေ ၅ ဆု၊ ငွေ၁၂ ဆုနှင့် ကြေး ၂၈ဆု စုစုပေါင်း ၄၅ဆုရရှိခဲ့ကြောင်း သိရသည်။

ဒုတိယ ဆုရရှိမှုအများဆုံးအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရွှေ ၅ဆု၊ ငွေ ၅ဆုနှင့် ကြေး ၁ဆု စုစုပေါင်း ၁၁ဆုရရှိခဲ့ ကြောင်း သိရသည်။ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီး သက်ကြီးတန်း ၊သက်လတ်တန်း နှင့် သက်ငယ်တန်းစသည့် ဝိတ်တန်းများခွဲပြီး အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.