Connect with us

Videos

အိုဘားမားနှင့် ထရမ့်တို့ အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေး

ဝါရှင်တန်၊ နိုဝင်ဘာ ၁၁ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား က ၎င်းနှင့် ရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ် ထရမ့်တို့သည် ရွေးကောက်ပွဲအပြီး အိမ်ဖြူတော်၌ ပထမဆုံး တွေ့ဆုံခဲ့ရာ၌ နယ်ပယ်ကဏ္ဍပေါင်းစုံ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း နိုဝင်ဘာ ၁၀ ရက်ကပြောကြားခဲ့သည်။အိုဘားမား က “ ကျွန်တော့်ရဲ့ လာမည့်၂လအတွင်း ပထမဆုံးဦးစားပေးကတော့ သမ္မတရွေးကောက်ပွဲ အောင်မြင်မှု ရှိတယ်ဆိုတာကို သေချာစေဖို့ အတွက် ကူးပြောင်းမှုများကို လွယ်ကူချောမွေ့စေရန် ကြိုးစားပေးသွားမှာဖြစ်ပြီး ထရမ့်အနေနဲ့ အောင်မြင်အောင်လုပ်ဆောင်နိုင်ရင် နိုင်ငံအတွက် အောင်မြင်မှုရရှိတာနဲ့တူတူပါဘဲ” ဟုပြောကြားခဲ့သည်။ထရမ့် က “ တစ်နာရီခွဲကြာမြင့်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း မတူညီတဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲဟာ လည်း ခန့်မှန်းထားတာထက်ပိုမိုကြာမြင့်ခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။ထရမ့်က အစိုးရအဖွဲ့အပါအဝင် အိုဘားမား နှင့် အနာဂါတ်၌ လက်တွဲလုပ်ဆောင်ရန် စိတ်အားထက်သန် နေကြောင်း ဖော်ပြခဲ့သည်။ထရမ့်နှင့်အတူ သမ္မတကတော်သစ် နှင့် ဒုတိယသမ္မတ တို့ အိမ်ဖြူတော်သို့ရောက်ရှိလာပြီး ၎င်းတို့နှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။အိမ်ဖြူတော်၏ နိုဝင်ဘာ ၁၀ရက် ထုတ်ပြန်ချက်အရ သမ္မတ၏အဖွဲ့သည် အသွင်ကူးပြောင်းမှု လွယ်ကူချောမွေ့စေရန် ၂၀၁၆ခုနှစ် အစောပိုင်းကတည်းက ကြိုတင်ပြင်ဆင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.