Connect with us

Videos

တရုတ်နိုင်ငံမှ လှူဒါန်းသည့် LED Display Board အသစ် ၃ ခု အား အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ တပ်ဆင် မည်

ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)သို့ LED Display Board အသစ် ၃ ခုကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။ ထို LED Display Board များ အား တင်ဆက်ပြသမှုများ အတွက် အကူအညီဖြစ်စေရန် ရန်ကုန် အမျိုးသားဇာတ်ရုံတွင် တပ်ဆင်သွားမည်ဟုသိရသည်။ထိုသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေး သံမှူး Mr.Xie Guoxing က ရန်ကုန်အမျိုးသားဇာတ်ရုံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ က မြန်မာနိုင်ငံသို့ တည်ဆောက် လွှဲပြောင်းပေးခဲ့သည့် တရုတ်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်တစ်ခု လည်းဖြစ်ကြောင်း၊ အမျိုးသား ဇာတ်ရုံအား အကြီးစား ပြင်ဆင်မှုများ ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ အဖွဲ့က ယခုနှစ် မေလ အတွင်း လာရောက် လေ့လာခဲ့ပြီးနောက် ပြန်လည် ပြင်ဆင် မွမ်းမံခြင်း ၊ ဒီဇိုင်း ရေးဆွဲခြင်း ၊ တည်ဆောက်ခြင်း လုပ်ငန်းများကို အမြန်ဆုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အနာဂတ်တွင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ နှင့် အတူ ယဉ်ကျေးမှု ဖလှယ်မှုများ ပိုမို တိုးမြှင့်ရန် နှင့် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။ထို့အတူ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု) အမြဲတမ်း အတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွှန်းက လည်း LED Display Board များ လွှဲပြောင်း ပေးအပ်ခြင်း အပေါ် ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။ယခု လှူဒါန်းသည့် LED Display Board များ ဖြင့် အမျိုးသားဇာတ်ရုံ(ရန်ကုန်) တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားများ ၌ ဇာတ်ခုံပိုင်း ဆိုင်ရာ အဆင့်မြင့် နည်းပညာရပ်များကို အသုံးပြု ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.