Videos
အွန်လိုင်းစတိုးများနှင့် စက်ရုံလုပ်ငန်းများတွင်အသုံးဝင်သည့် စက်ရုပ်
ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
စက်ရုံလုပ်ငန်းတွင် တွင်ကျယ်စွာ အသုံးပြုနိုင်သော စက်ရုပ် ကို တရုတ်နိုင်ငံက ထုတ်လုပ်ခဲ့သည်။ ထိုစက်ရုပ်မှာ မှာကြားချက်များကို ၎င်းထဲတွင် ထည့်သွင်းထားသော ကွန်ပျူတာwifi မှတစ်ဆင့် လက်ခံနိုင်သည်။ စက်ရုံထဲတွင် အလုပ်လုပ်နေစဉ် အခြားစက်ရုပ် များနှင့်တိုက်မိခြင်းမရှိအောင်လည်း ရှောင်ရှားသွားနိုင်သည်။ စင်များကိုလည်းရွှေ့ပြောင်းနိုင်ပြီး နေရာတကျလည်းပြန်စီထားနိုင်သည်။ ၎င်းတို့သည် တစ်နာရီလျင် ကုန်ပစ္စည်းပေါင်း ၃ဝဝ မှ ၆ဝဝ ကြား ကို သယ်ယူနိုင်သည့်အတွက် လူသားများထက် ၃ ဆ မြန်ဆန်စွာ လှုပ်ရှား လုပ်ဆောင်နိုင်သည်။ အဆိုပါစက်ရုပ်သည် ကုန်ပစ္စည်းများလျင်မြန်စွာ သယ်ယူပို့ဆောင် နိုင်သောကြောင့် အွန်လိုင်း လက်လီ လက်ကားသမားများ အတွက် အလွန်သင့်တော်သည်။ထိုစက်ရုပ်ကို Alibaba ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့်Geek+ မှ ထုတ်လုပ်ခြင်းဖြစ်ပြီး အွန်လိုင်း ဈေးရောင်းဝယ် website များနှင့် စက်ရုံများ ဂိုထောင်များအတွက် ရည်ရွယ်သည်။ စက်ရုပ်မှာ အလေးချိန် ၁ဝဝဝ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ရန် အထူးဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။ ယခုအခါ နို်င်ငံတစ်ဝန်းလုံးတွင် စက်ရုပ်ပေါင်း ၃ဝဝ ကျော်ကို လုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရန်ထုတ်လုပ်ရောင်းချပြီးဖြစ်သည်။ (Xinhua)